ကျွန်ုပ်တို့အကြောင်း

ဓမ္မစကူလ်း ဖောင်ဒေးရှင်း၏ မူဝါဒ

  • ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့်အညီ သင်ကြားပို့ချရေး။
  • မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရေး။
  • အခြားသော ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ဘာသာကိုဖြစ်စေ၊ အဖွဲ့အစည်းကို ဖြစ်စေ မထိခိုက်ရေး။
  • ပါတီနိုင်ငံရေး ကင်းရှင်းစွာ လုပ်ကိုင်ဆောင်ရွက်ရေး။

ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်

  • ခေတ်မီသင်ကြားရေး နည်းစနစ်များ ပါဝင်သည့်အတန်းစဉ်အလိုက် ပြဌာန်း ထားသော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးမည့် ဓမ္မစကူးလ်ကျောင်းများ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်လာပြီး မျိုးဆက်သစ်လူငယ်များ ဗုဒ္ဓတရားတော်များကို အခြေခံမှစ၍ လေ့လာသင်ကြားနိုင်ရန်။
  • မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မှ ဗုဒ္ဓတရားတော်များကို လက်တွေ့ဘဝတွင် အသုံးချနိုင်သော အဆင့်မြင့် ဗုဒ္ဓဘာသာဝင်များဖြစ်လာရန်။
  • ဆရာနှင့် ဒကာ ညီညာစွာ လက်တွဲ၍ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်။

ရန်ကုန်တိုင်းဒေသကြီး ဓမ္မစကူးလ်ကော်မတီ၏ ရည်မှန်းချက်

  • ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓမ္မစကူးလ်ကျောင်းများ အချင်းချင်းဆက်သွယ်ပူးပေါင်းဆောင်ရွက်နိုင်ရန်
  • ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓမ္မစကူးလ်ကျောင်းများ မဖွင့်လှစ်နိုင်သေးသောနေရာများတွင် ဓမ္မစကူးလ်ကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် စီစစ်ဆောင်ရွက်ပေးရန်။
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားပြီးသော ဓမ္မစကူးလ်ကျောင်းများ တည်တံ့တိုးတက်စေရန်။
  • ဓမ္မစကူးလ် ဆရာ၊ဆရာမများ လိုအပ်လာလျှင် ဗဟို၏အကူအညီ ရယူ၍ ဓမ္မစကူးလ် ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန်