ဆရာမ ဒေါ်စီစီအေနဲ့ တွေ့ချင်လို့ပါဆိုပြီး တွေ့ခွင့်တောင်းလာသူကတော့ ဓမ္မစကူးလ် စတုတ္တတန်းမှာ စာ သင်ကြားနေတဲ့ သမီးလေး ပိုးဥရဲ့ အဖေဖြစ်သူ ဦးကြီ သာလှ ပဲဖြစ်ပါတယ်။
မင်္ဂလာပါ ဦးကြီးရေ.. ဒီကျောင်းမှာ ဆရာမဒေါ်စီစီအေ ဆိုတာမရှိပါဘူးရှင့်။ ဦးကြီး နာမည်များ အမှတ်မှား လို့လားရှင် ဆိုပြီး ရှင်းပြလိုက်သူကတော့ ဓမ္မစကူးလ်ဆရာမလေး မသီတာပါ။
ဦးကြီးသာလှ – ခုတစ်လော သမီးလေးရဲ့ အတွေးလေးတွေ ပြောင်းလဲလာတယ်ဆရာမ၊
လိမ္မာပြီး မိဘတွေအပေါ် ပိုသိတတ်လာတယ်။ မောင်နှမတွေအပေါ်လည်း အရင်ကထက် ပိုကြင်နာလာတယ်။ ပြီးတော့ လူကြောက်တတတ်တဲ့သမီးလေး ရဲရဲရင့်ရင့်နဲ့ ထက်ထက် မြက်မြက်လေး ဖြစ်လာတယ်။ သမီးလေးပြောတာတော့ သူတို့တွေကို စီစီအေနဲ့သင်ပေး လို့တဲ့။ အဲဒါကြောင့် ဒေါ်စီစီအေကို ကျေးဇူးတင်ကြောင်းလာပြောတာပါ ဆရာမ။
ဆရာမသီတာ – စီစီအေဆိုတာ ဆရာမနာမည်မဟုတ်ပါဘူး ဦးကြီးရေ။ သမာရိုးကျ ဆရာမှ တပည့်ကို စာသင်ကြားနည်း မဟုတ်တော့ဘဲ ကလေးတွေကို ဗဟိုပြုပြီး သင်ကြားတဲ့ နည်းစနစ် CCA (Child-Centered Approach) ကိုပြောတာပါရှင်။
အဲ့ဒီထဲက သင်ကြားနည်းအချို့ကိုပြောရမယ်ဆိုရင်တော့
✔ ကလေးတွေ စိတ်ဝင်စားတဲ့ ရုပ်ပုံ၊ ပုံပြင်တွေနဲ့ သင်ကြားခြင်း (Story-Telling Method)
✔ ကလေးတွေကိုယ်တိုင် ပူးပေါင်းပါဝင်စေဖို့ သရုပ်ပြ သင်ကြားခြင်း (Role Playing Method)
✔ ပြ ပဿနာတွေကို ဆွေးနွေး အဖြေရှာစေတဲ့နည်းနဲ့ သင်ကြားခြင်း (Problem Solving Method)
✔ ကိုယ့်အမြင် သူ့အမြင်ကို ယဉ်ကျေးစွာနဲ့ ဖော်ထုတ်နည်းနဲ့ သင်ကြားခြင်း (Debate Method)
✔ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်စေတဲ့နည်းနဲ့ သင်ကြားခြင်း (Teamwork Method)
✔ လက်ရှိ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး သင်ကြားခြင်း (Experiential Learning Method)
✔ တွေး-တွဲ-မျှဝေသင်နည်းဖြင့် သင်ကြားခြင်း (Think-Pair-Share Method )
မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို အဲဒီလို သင်ကြားနည်းတွေနဲ့ ပေါင်းစပ်ပြီး သင်ကြားပေးနေတာဆိုတော့ ဦးကြီးတို့ရဲ့ ကလေးတွေကလိမ္မာယဉ်ကျေးပြီး တွေးတောဆင်ခြင်နိုင်စွမ်းတွေတိုးတက်လာသလို ရဲရင့် တက်ကြွပြီး နှလုံးလှတဲ့ ကလေးတွေ ဖြစ်လာရတာပါ။
ဒါကြောင့် လိမ္မာယဉ်ကျေးပြီး ထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းလေးတွေ ဖြစ်စေချင်တယ် ဆိုရင် တော့ အပတ်စဉ် တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ်နေတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကို နိုင်ငံတကာသင်ကြား နည်းစနစ် CCA နည်းပညာနဲ့ သင်ကြားပေးနေတဲ့ ဓမ္မစကူးလ်ကျောင်းတော်ကို မိတ်ဆွေတို့ရဲ့ ကလေးငယ် တွေကို ပို့ပေးကြဖို့ တိုက်တွန်းပါရစေရှင်။