လူသန်ကြီးတစ်ယောက်ဟာ ပုံစံလည်းမကျ၊ ရေခွက်နဲ့လည်း အံဝင်ခွင်ကျမဖြစ်တဲ့ ရေခဲတုံးတွေကို တုတ်နဲ့ခွဲ ပြီး ခွက်ထဲထည့်နေပါတယ်။ နောက်ဆုံး ရေခဲတုံးကိုခွဲတဲ့အခါမှာတော့ ထူးဆန်းတာတစ်ခုနဲ့ ကြုံတွေ့ရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီရေခဲတုန်းလေးက စကားပြောတတ်တဲ့ ရေခဲတုံးလေးဖြစ်နေလို့ပါပဲ။

ရေခဲတုံးလေး – ကျွန်တော်တို့ကို ဘာလု့ိတုတ်နဲ့ရိုက်ပြီးခွဲနေတာလဲ ?

လူသန်ကြီး – မင်းတို့က အခြားရေခဲတုံးတွေလို ပုံစံလည်းမကျ၊ ခွက်နဲ့လည်း အံ့ဝင်ခွင်ကျမရှိလို့ ခွဲရတာပေါ့။

ရေခဲတုံးလေး – အခုလိုအချိန်ကျမှ ရိုက်ခွဲခံရတော့ ကျွန်တော်တို့လည်း နာကျင်ရသလို ခင်ဗျားတို့လည်း အင်အားတွေသုံးရလို့ စိတ်ရော၊ လူရော ပင်ပန်းရတာပေါ့။ လှပအသုံးဝင်ပြီး အံ့ဝင်ခွင်ကျဖြစ်မယ့် ရေခဲတွေကို လိုချင်ရင် ရေခဲမဖြစ်ခင်ကတည်းက ဘာကြောင့် ပုံမဖော်ခဲ့တာလဲ။

ဒီမေးခွန်းအတွက် လူသန်ကြီးမှာ အဖြေမရှိခဲ့ပါဘူး။

ရေခဲတုံးနဲ့ လူသန်ကြီးတို့ စကားပြောခြင်းက ပြီးဆုံးသွားပေမယ့် မပြီးဆုံးနိုင်သေးတာကတော့ ကျွန်မရဲ့ အတွေးတွေပါ။

တကယ်တော့ ရေခဲတုံးလေးတွေက ကျွန်မတို့ရဲ့ သားသားမီးမီးလေးတွေနဲ့တူပါတယ်။

ပုံဖော်လို့ကောင်းတဲ့ ငယ်ရွယ်စဉ် ကလေးဘဝမှာတော့ လျစ်လျူရှုထားခဲ့ကြပြီး အသားကျနေတဲ့ အရွယ်ရောက်တော့မှ ကိုယ်လိုချင်သလို လူတော်လူကောင်း မဖြစ်ရကောင်းလား?
လူမှုပတ်ဝန်းကျင်ကို အထောက်အကူမပြုဘဲ ဆိုးသွမ်းနေတဲ့ ကလေးဖြစ်ရကောင်းလား?
ဆိုပြီး အတင်း ကြိမ်းမောင်းရိုက်နှက်ပြီး ပုံသွင်းကြတယ်။

ကြာလာတဲ့အခါ ကလေးရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာတွေ ပြည့်နှက်လာပြီး အခြားသူတွေနဲ့ သဟဇာတ မဖြစ်တော့ပဲ အတ္တကြီးတဲ့အဆင့်ထိ ရောက်သွားတော့တာပဲ။

မိဘတွေတိုင်းဟာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်း သားသမီးတွေကို လိုချင် ကြတာမှန်ပေမယ့် ငယ်စဉ်ကတည်းက လှပစွာ ပုံဖော်တတ်ဖို့လည်း အရေးကြီးပါတယ်။

အပတ်စဉ် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်နေတဲ့ ဓမ္မစကူးလ်ကျောင်းတော်ကြီးက မြတ်ဗုဒ္ဓရဲ့ ဓမ္မစာပေတွေကို လက်တွေ့လူမှုဘဝမှာပါ အသုံးချလို့ရနိုင်အောင်လို့ သင်ကြားပေးနေပါတယ်။ ဒါကြောင့် ထူးချွန်ထက်မြက် ပြီး ပညာပြည့်ဝ နှလုံးလှတဲ့ အနာဂတ် သားကောင်းရတနာ၊ သမီးကောင်းရတနာတွေဖြစ်ဖို့ ဓမ္မစကူးလ် ကျောင်းတော်ကို ပို့ကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေ။