ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်အတိုင်း မြန်မာပြည်အနှံ့ ဓမ္မစကူးလ် ကျောင်း ထောင်သောင်းများစွာ ပေါ်ပေါက်လာရေးအတွက် ဗဟိုဦးဆောင်ဆရာတော်များ၊ နည်းပညာရှင် များ၊ နည်းပြများ၊ အလှူရှင်များမှ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓမ္မစကူးလ် ကျောင်းပေါင်း (၃၁၉) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဆက်လက်၍ ဖွင့်လှစ်ရန် ကျန်ရှိနေသေး သည့် မြို့နယ်၊ ဌာနအသီးသီး၌္စ ဓမ္မစကူးလ်ကျောင်းများ ဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ပြီးကျောင်းများသည်လည်း ဓမ္မစကူးလ်ဖောင် ဒေးရှင်းမှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ အရည်အသွေးပြည့်မီသည့် ကျောင်း များဖြစ်ရန် လိုအပ်လာ ပါသည်။
သို့အတွက်ကြောင့် အထောက်အကူပြု ကော်မတီတစ်ရပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဓမ္မစကူးလ် ကော်မတီကို (၁၃၇၈ ခုနှစ်၊ တပို့တွဲလဆန်း (၁) ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်၊ စနေနေ့အတွင်း) ဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် ဂိုဏ်းပေါင်းစုံ သံဃနာ ယကဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲနှင့် ရှိုင်းဟုပ်ကုမ္ပဏီမိသားစု၏ အလှူတော်ငွေပေးအပ်ပွဲ အခမ်း အနားကို တိုင်းသံဃနာယကဥက္ကဌဆရာတော်၏ စီစဉ်လမ်းညွှန်မှုဖြင့် (၁၃၇၉ ခုနှစ်၊ ကဆုန်လဆုတ် (၃) ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ ဓမ္မစကူးလ်လုပ်ငန်းစဉ်များ တိုးတက်ပြန့်ပွား တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရာ၌ အထောက် အပံ့ဖြစ်စေမည့် သာသနာပြုကုသိုလ်ထူးရရှိနိုင်စေရန် ဓမ္မချစ်ခင်သူတော်စင်များ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး ဓမ္မစကူးလ်ကော်မတီသို့ နည်းများမဟူ တတ်စွမ်းသမျှ ပါဝင်လှူဒါန်းနိုင်ပါကြောင်း စေတနာ ကောင်းဖြင့် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။