သာသနာတော်နှစ် ၂၅၆၃ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်၊ ခရစ်နှစ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ သာသနာ့မာရ်အောင်ကျောင်းတိုက်၌ ပြုလုပ်ကျင်းပအပ်သော ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ၏ ၄/ ၂၀၁၉ အလုပ်အမှုဆောင်အစည်းအဝေးကို အခမ်းအနား အစီအစဉ် (၈) ရပ်ဖြင့် ပြုလုပ် ကျင်းပပါသည်။

၎င်းအစည်းအဝေးသို့ ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) နာယက၊ ဓမ္မဒူတတက္ကသိုလ် နာယကချုပ် ဆရာတော် ဘဒ္ဒန္တပညိဿရာဘိဝံသ အမှူးရှိသော နာယကဆရာတော်များ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ အမှူးရှိသော အလုပ်အမှုဆောင် ဆရာတော်များနှင့် လူပုဂ္ဂိုလ် များ စုံညီစွာ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

*အခမ်းအနား အစီအစဉ်များ*

၁။ နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခြင်း။

၂။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) နာယက၊ ဓမ္မဒူတတက္ကသိုလ် နာယကချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညိဿရာဘိဝံသ မှ အဖွင့်သြဝါဒကထာ ချီးမြှင့်ခြင်း။

၃။ ၄။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) အတွင်းရေးမှူး (၁)၊ ဒေါက်တာအရှင်ḩာဏဝံသ မှ (၇) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) နှင့် တိုင်း/ ပြည်နယ်/ မြို့နယ် ဓမ္မစကူးလ်ကော်မတီများ တွေ့ဆုံပွဲ ပြုလုပ်ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ တင်ပြလျှောက်ထားပြီး အကြံပြုဆွေးနွေး ဆုံးဖြတ်ခြင်းနှင့် အဖွဲ့ပိုင်ကျောင်းတော်ကြီး ဆောက်လုပ်ရေးကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း လျှောက်ထားတင်ပြခြင်း။

၅။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) အတွင်းရေးမှူး (၃)၊ ဒေါက်တာအရှင်ကိတ္တိသာရ မှ Website တည်ထောင်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားခြင်း။

၆။ အထွေထွေဆွေးနွေးခြင်းကဏ္ဍတွင် အစည်းအဝေးသို့ တက်ရောက်လာကြသော ဆရာတော်များနှင့် ဒါယကာ၊ ဒါယိကာမများ မှ အကြံပြုဆွေးနွေးပြီး ဆုံးဖြတ်ချက်များ ရယူခြင်း။

၇။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ (သမဏ အာဇာနည်) မှ နိဂုံးချုပ်သြဝါကထာ ချီးမြှင့်ခြင်း။

၈။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်ခြင်း တို့ ဖြစ်ပါ သည်။

မှတ်ချက် – ဓမ္မစကူးလ်မိသားစုအားလုံး သိရှိရမည့် အကြောင်းအရာများကို သီးခြားထုတ်ပြန် ကြေညာပေး ပါမည်။

#unicode
=====================================================================================

၎င်းငျးအစညျးအဝေးသို့ ဓမ်မစကူးလျဖောငျဒေးရှငျး (ဗဟို) နာယက၊ ဓမ်မဒူတတက်ကသိုလျ နာယကခြုပျ ဆရာတောျ ဘဒ်ဒန်တပညိူရာဘိဝံသ အမှူးရှိသော နာယကဆရာတောျမြား၊ ဓမ်မစကူးလျဖောငျဒေးရှငျး (ဗဟို) ဥက်ကဋ်ဌဆရာတောျ ဘဒ်ဒန်တသိရီကဉ်စနာဘိဝံသ အမှူးရှိသော အလုပျအမှုဆောငျ ဆရာတောျမြားနှငျ့ လူပုဂ်ဂိုလျမြား စုံညီစှာ တကျရောကျ ဆှေးနှေးခဲ့ကွပါသညျ။



၂။ ဓမ်မစကူးလျဖောငျဒေးရှငျး (ဗဟို) နာယက၊ ဓမ်မဒူတတက်ကသိုလျ နာယကခြုပျဆရာတောျ ဒေါကျတာဘဒ်ဒန်တပညိူရာဘိဝံသ မှ အဖှငျ့သွဝါဒကထာ ခြီးမွှငျ့ခွငျး။




၇။ ဓမ်မစကူးလျဖောငျဒေးရှငျး (ဗဟို) ဥက်ကဋ်ဌဆရာတောျ ဘဒ်ဒန်တသိရီကဉ်စနာဘိဝံသ (သမဏ အာဇာနညျ) မှ နိဂုံးခြုပျသွဝါကထာ ခြီးမွှငျ့ခွငျး။
